Saturday, June 1, 2024

Native Speaker Vs Non-Native Speaker in English Language Teaching

 


English ဘာသာစကားကိုလေ့လာနေသူအများစုကိုမေးလိုက်ရင် Native Speaker တစ်ယောက်လို ပြောတတ်ချင်လိုက်တာ ဆိုတာမျိုး ပြောလေ့ရှိပါတယ်။ သို့သော် Native Speaker ဆိုတာရောတကယ်ရှိရဲ့လားဆိုတာကို ပညာရှင်တွေက cognitive, Sociolinguistic, raciolinguistic စတဲ့ရှူထောင့်တွေကနေ လေ့လာစမ်းစစ်ကြည့်ကြပါတယ်။ Paikeday ကတော့ Native Speaker ဆိုတာ တကယ်တော့ ဘာသာဗေဒပညာရှင်တွေရဲ့ စိတ်ကူးထဲမှာပဲရှိတာပါလို့ ဆိုထားပါတယ်။ (1985:25)

အများစုကတော့ Native Speaker လို့ပြောလိုက်ရင် အခုလိုအမြင်လေးတွေရှိပါတယ်။ 

  • NS တွေဟာ သူတို့ရဲ့ဘာသာစကားမှာ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ အလိုလိုသိတတ်ကြတယ်။ 
  • အဲ့ဒီဘာသာစကားရဲ့ နောက်ခံယဉ်ကျေးမှုနဲ့တသားတည်းရှိကြတယ်။ 
  • အသံထွက်ပိုင်းဆိုင်ရာမှာ NS တွေဆိုတာ အကောင်းဆုံးသော စံနမူနာတွေဖြစ်ကြတယ်။ 

ဒါကြောင့်လည်း ဘာသာစကား သင်ယူသူအများစုက Native Speaker တေ‌ွဆိုတာ အကောင်းဆုံး ဘာသာစကားသင်ပေးနိုင်တဲ့ဆရာတွေလို့ ယူဆကြပါတယ်။  Holliday ကတော့ ထုံးစံအတိုင်း အဲ့ဒီအမြင်တွေဟာ တကယ်တေ့ အယူအဆ သက်သက်တွေပဲဖြစ်ပြီး တကယ်မမှန်ဘူးလို့ဆိုပါတယ် (2005)။  

အခုလိုမျိုး NS teachers တွေကိုပိုသဘောကျကြတာကို Native Speakerism လို့ခေါ်ပါတယ်။ 

Hollidayကတော့ Native Speakerism ဆိုတာ ကိုလိုနီခေတ်လွန် အယူအဆတစ်ခုလို့ဆိုပါတယ်။ ဒီအယူအဆကြောင့်ပဲ သင်ယူသူတွေရဲ့ နဂိုရှိပြီးသား ဘာသာစကားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ မူလအရင်းအမြစ်တွေကို လျစ်လျူရှူပြီး 'English Only' approaches တွေပဲ သုံးပြီးသင်ကြတာမျိုး၊ သင်ယူသူတွေကို ဘာသာစကားချို့တဲ့နေသူတွေအဖြစ်သတ်မှတ်ကြတာမျိုး၊ တွေဖြစ်လာတယ်လို့ဆိုပါတယ်။  Phillipson က‌တော့ အခုလို Native Speakerism ဖြစ်လာရတာ ၁၉၆၀ဝန်းကျင်နှစ်‌ေတွမှာ American နဲ့ British aid agencies တွေရဲ့ NS တွေက ပိုသာကြောင်းဝါဒဖြန့်မှုတွေကြောင့်လို့ဆိုပါတယ်။ 

ပြန်အနှစ်ချုပ်ရရင် Native Speakerism ဆိုတာ Native Speakers တွေဟာ English ဘာသာစကားနဲ့ အဲ့ဒီစကား သင်ကြားနည်းစနစ်‌ေတွ စတင်ရာ အနောက်တိုင်းယဉ်ကျေးမှု ကိုကိုယ်စားပြုသူတွေဖြစ်တယ်၊ ဒါကြောင့် သူတို့‌တွေကသာ English ဘာသာစကားကိုသင်ပေးနိုင်တဲ့ အကောင်းဆုံးသော ဆရာတွေ၊ စံနမူနာတွေဖြစ်တယ် ဆိုတဲ့အယူအဆကို ကိုင်စွဲထားတဲ့ အယူဝါဒ တစ်ခုဖြစ်ပါတယ်။ 

ဒီအယူဝါဒဟာတကယ်တော့ 'vested interest' လို့ခေါ်တဲ့ ကိုယ်ကျိုးမျှော်လင့်ချက်အတွက် လုပ်ထားတဲ့ လိုရာစွဲဝါဒတစ်ခုသာဖြစ်တယ်လို့ဝေဖန်ခံရပါတယ်။ 

အခုလိုမျိုး Native Speakerism လွှမ်းမိုးမှုအကျိုးဆက်ကတော့ တကယ့်အရည်အသွေးကိုမကြည့်ဘဲ Native Speaker ဖြစ်ရင်ပြီးရောဆိုပြီး ကျောင်းတွေမှာ အလုပ်ခန့်ကြတာတွေပါ။ ဒါကြောင့် Non-Native Speaker တွေအနေနဲ့ ခွဲခြားခံရတာတွေတော်တော်များများကြံုရပြီး၊ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းအ‌ေပါ်သက်ရောက်မှုရှိတာတွေ့ရပါတယ်။ 

ဒီအလုပ်ခေါ်စာ၂ခုရဲ့ requirements တွေကိုပဲယှဉ်ကြည့်ပါ။ ဒါက အပြင်မှာ တကယ်ရှိတဲ့ Japanမှာ ဆရာအလုပ်ခေါ်တဲ့ website တစ်ခုကယူထားတာပါ။ Non-Native Speaker တစ်ယောက်အနေနဲ့ English teaching အလုပ်တစ်ခုရဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာတွေ့ရမှာပါ။ 

English Teacher

Full-time, 40 working hours/week. Native English Speaker required. 'University degree not required if applicant has visa.'

English Teacher 

Full-time, 40 working hours/week. Follow an English language curriculum which contains detailed lesson plans for every class. Teaching experience preferred. Applicants from countries where English is not the native language must have a total of at least 10 years of education from schools where English is the primary mode of education, including a Bachelor's degree from an English speaking country. 

နောက်တစ်ခုက Native English Speaker လို့ပြောလိုက်ရင် အများစုကအဖြူတွေကိုပဲပြေးမြင်ကြတတ်ပါတယ်။ အသိ Czech ကဆရာတစ်ယောက်ဆို သူကအဖြူဆိုတော့ Colombia ကသူအလုပ်လုပ်တဲ့တက္ကသိုလ်မှာသူ့ကို အားလုံးက Native Speaker လို့ပဲသတ်မှတ်ထားကြတယ်။ ဒါကြောင့်သူအလုပ်လျှောက်တော့ Language Proficiency Exam တောင်ဖြေစရာမလိုဘဲ အလုပ်ရတယ်လို့ပြောပါတယ်။

တကယ်တော့ Non-Native Speaker တွေမှာလဲ အားသာချက်တွေရှိပါတယ်။ 

  • NNS တွေဟာ ကိုယ်တိုင်က English ကို additional language အနေနဲ့လေ့လာခဲ့ရတော့ learners တွေကိုပိုပြီးစာနာတတ်သလို ဒီသင်ယူရတဲ့process ကိုလည်းပိုနားလည်ကြတယ်။ 
  • ကျောင်းသားတွေဘာလို့မှားကြတာလဲဆိုတဲ့ မှားရတဲ့အကြောင်းအရင်းကိုပိုသိတယ်။ 
  • လိုအပ်ရင်လိုအပ်သလို ကျောင်းသားတွေရဲ့ မိခင်ဘာသာစကားကို သုံးနိုင်တော့ အချင်းချင်းပိုနားလည်မှုရှိတယ်။ (Ma, 2012)

ဒါကြောင့်အခုဆို ELT ရဲ့နာမည်ကြီးအဖွဲ့အစည်းတွေဖြစ်တဲ့ TESOL တို့ TEFL တို့က NS နဲ့ NNS teachersတွေကိုမခွဲခြားဘဲ အလုပ်အကိုင်အခွင့်အလမ်း တန်းတူအခွင့်အရေးရဖို့ equity advocate movement တွေလုပ်လာကြပြီ။ 

http://teflequityadvocates.com/

http://nnest.moussu.net/

စတာတွေမှာသွားကြည့်လို့ရပါတယ်။ 

BAAL (British Association for Applied Linguistics) တို့ TESOL တို့မှာဆို အကယ်၍ ELTအလုပ်ခေါ်စာ‌ကြော်ငြာမယ်ဆို Native Speker, Non-Native Speaker ဆိုပြီး ခွဲခြား သတ်မှတ်ခေါ်တာမျိုးလုပ်လို့မရတော့ဘူး။ အဲ့ဒီလိုခေါ်တာမျိုးကို တားမြစ်ထားတယ်။ 

ဆိုတော့ NNS တွေပဲ ခွဲခြားခံရတာလားဆိုတော့ မဟုတ်သေးဘူး၊ ဒီ Native Speakerism ကြောင့် NS တွေအပေါ်ပုံသေအမြင်နဲ့မြင်ကြတာလည်းရှိတယ်။ 

ဥပမာ -

Native Speaker ဆိုရင် teaching qualifications မရှိဘူးတို့၊ သင်ကြားရေးနဲ့ပတ်သက်တဲ့ အသိပညာ မရှိဘူးတို့မြင်ကြတာမျိုး။ NS ဆိုရင် Speaking အတွက်ပဲအသုံးဝင်တယ်လို့ထင်ကြတာမျိုး။ ကျန်တဲ့ skills တွေမသင်တတ်ဘူးလို့ထင်ကြတာမျိုး။ 

ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ NS, NNS မခွဲခြားဘဲ အခြား‌ေသာ ဘုံအခေါ်အဝေါ်တွေကိုအမျိုးမျိုး စတင်သုံးစွဲလာကြပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ ကျောင်းအများစုရဲ့အလုပ်ခေါ်စာတွေမှာ NNS တို့ခွဲခြားခံနေရဆဲပါပဲ။ 

References

Holliday, A. (2006). Native-speakerism. ELT journal, 60(4), 385-387.

Florence Ma, L. P. (2012). Advantages and disadvantages of native‐and nonnative‐English‐speaking teachers: Student perceptions in Hong Kong. TESOL quarterly, 46(2), 280-305.

Paikeday, T. (1985). The native speaker is dead! Toronto: Paikeday Publishing Inc.

No comments:

Post a Comment

English for Social Media

  Facebook မှာ ဟိုဘက် ဒီဘက် ငြင်းကြခုံကြတာ၊ အရပ်အခေါ် ပွဲဖြစ်နေတာကို English လို  debate (noun) argument (noun) dispute (noun) စသဖြင့် ပြောက...