Thursday, July 31, 2025

အရှေ့ကို မျှော်လိုက်ရင်


 

ဒီတစ်ပတ်ခရီးသွားဖြစ်တော့ အပြန်ရထားပေါ်မှာ အေးအေးလူလူရှိတာနဲ့ ELT နဲ့ပတ်သက်တဲ့ ဆောင်းပါတစ်ပုဒ်ဖတ်မိရင်း စဉ်းစားဖြစ်တာလေးရှိတယ်။ အင်္ဂလိပ်စာသင်ကြားရေးနည်းတွေအကြောင်း ဟိုရောက် ဒီရောက်ပေါ့။ 

ခေတ်အဆက်ဆက် သင်ကြားနည်းအသစ်သစ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားမိတာက အသစ်တွေပေါ်လာပေမဲ့ အဟောင်းကို လုံးဝမသုံးတော့တာမျိုး၊ ပယ်ပစ်လိုက်တာမျိုးလည်းမဟုတ်ပြန်ရော။ ဒါကြောင့် သင်ကြားနည်းမှာ မှန်တာနဲ့ မှားတာထက် ပိုထိရောက်တာနဲ့ ထိရောက်မှုနည်းတာပဲရှိမယ်လို့ယူဆမိပါတယ်။

ခေတ်အဆက်ဆက် သင်ကြားနည်းအသစ်သစ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားမိတာက အသစ်တွေပေါ်လာပေမဲ့ အဟောင်းကို လုံးဝမသုံးတော့တာမျိုး၊ ပယ်ပစ်လိုက်တာမျိုးလည်းမဟုတ်ပြန်ရော။ ဒါကြောင့် သင်ကြားနည်းမှာ မှန်တာနဲ့ မှားတာထက် ပိုထိရောက်တာနဲ့ ထိရောက်မှုနည်းတာပဲရှိမယ်လို့ယူဆမိပါတယ်။ ဆိုတော့ ဘယ်နည်းကတော့ ကိုယ့်ကျောင်းသားအတွက် ပိုထိရောက်မလဲသိဖို့ကလည်း ဘယ်သင်နည်းတွေကတော့ဘယ်လိုရှိတယ်ဆိုတာ လွှမ်းခြုံပြီးသိထားဖို့လည်းလိုပြန်ရော။ 


ဒါကြောင့် ယနေ့အထိ တိုးတက်ပြောင်းလဲလာတဲ့ သင်ကြားနည်းတွေအကြောင်း အကုန်အသေးစိတ်မဟုတ်ပေမဲ့ အကြမ်းဖြင်း ဆွေးနွေးကြည့်ပါမယ်။ 


1. Grammar-Translation ကနေ Communicative Approach 

ပထမဆုံးအနေနဲ့ လူသိများတဲ့နည်းတစ်ခုကတော့ သဒ္ဒါကို ဘာသာပြန်ပြီးသင်တဲ့ (Grammar-Translation) နည်းလမ်း‌တွေပါ။ နောက်ပိုင်းမှာတော့ PPP (Presentation, Practice, Production) လို သင်ကြားနည်းစနစ်တွေ ခေတ်စားလာတယ်။ ဒါက ဆရာက သဒ္ဒါအသစ်ကိုရှင်းပြ၊ လေ့ကျင့်၊ ပြီးမှ ကျောင်းသားတွေကို သုံးခိုင်းတဲ့ပုံစံပါ။ ဒီနည်းလမ်းတွေအများစုက ဘာသာစကားရဲ့ 'Form' (ပုံစံ) ကို ဦးစားပေးတဲ့သ‌ဘောတွေ့ရတယ်။


အဲ့ဒီကနေ TBL (Task-Based Learning) လို 'Meaning' (အဓိပ္ပာယ်) ကိုဦးစားပေးတဲ့ သင်ကြားနည်းတွေဘက်ကို ကူးပြောင်းလာတယ်။ Task တစ်ခုကို အရင်လုပ်ခိုင်းပြီး လိုအပ်တဲ့ ဘာသာစကားကို သဘာဝကျကျသုံးတတ်လာအောင် လေ့ကျင့်ပေးတာမျိုးပါ။ ဒါဟာ "ဘာသာစကားကို သင်ဖို့" ထက် "ဘာသာစကားနဲ့ ဆက်သွယ်ပြောဆိုဖို့" ဆိုတဲ့ ရည်မှန်းချက်ဆီကို ဦးတည်လာတဲ့ အပြောင်းအလဲတစ်ခုပါပဲ။


2. သဒ္ဒါတစ်ခုတည်းမှ ဝေါဟာရကိုပါ အလေးပေးလာခြင်း (The Lexical Approach)

အရင်က ELT မှာ သဒ္ဒါက ဘုရင်တစ်ဆူလိုပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ The Lexical Approach က ဘာသာစကားဆိုတာ သဒ္ဒါစည်းမျဉ်းတွေချည်းပဲ မဟုတ်ဘဲ၊ "စကားအစု" (chunks) တွေနဲ့ ဖွဲ့စည်းထားတာလို့ ဆိုလာတယ်။ ဥပမာ "on the other hand", "by the way", "have a good time" လိုမျိုး တွဲသုံးလေ့ရှိတဲ့ စကားလုံးအစုအဝေး (collocations နဲ့ fixed expressions) တွေကို အလေးပေးသင်ကြားလာတာပါ။ ဒါက ဘာသာစကားကို ပိုပြီး သဘာဝကျကျ ပြောဆိုနိုင်ဖို့အတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခုပါ။


3. သင်ကြားရေးရဲ့ ဗဟိုချက် သင်ယူသူ (Learner) ဖြစ်လာခြင်း

 + Humanistic Turn: ဒါကဘာသာစကားနဲ့သင်ယူ‌သူတွေကို မြင်တဲ့အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ ဘာသာစကားကို ကျောင်းသားတွေရဲ့ဦးနှောက်ထဲ "ထည့်ပေးရမယ့် ပစ္စည်းသပ်သပ်" လို သဘောမထားတော့ဘဲ၊ သင်ယူသူရဲ့ စိတ်ခံစားမှု၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ယုံကြည်ရာတွေကိုပါ ထည့်သွင်းစဉ်းစားလာပါတယ်။ စာသင်ခန်းကို အသိပညာဖလှယ်ရာနေရာသက်သက်ထက်၊ လူသားဆန်ဆန် အပြန်အလှန်နားလည်မှု တည်ဆောက်တဲ့နေရာအဖြစ် ရှုမြင်လာတာပါ။

 + Learner Autonomy: ဆရာက အရာအားလုံးကို ထိန်းချုပ်ထားရာကနေ၊ သင်ယူသူတွေကိုယ်တိုင် တာဝန်ယူတတ်လာအောင် (take responsibility for their own learning) အားပေးလာပါတယ်။ ကိုယ့်သင်ယူမှုအတွက် ဘယ်လိုရည်မှန်းချက်ထားမလဲ၊ ဘယ်လိုလေ့လာမလဲဆိုတာကို ကိုယ်တိုင်စီမံခန့်ခွဲတတ်အောင် လမ်းညွှန်ပေးလာတာပါ။


4. "အကောင်းဆုံးနည်းလမ်းတစ်ခု" မှ "သင့်တော်ရာကို ရွေးချယ်အသုံးပြုခြင်း" ဆီသို့ (The Post-Method Era)

အရင်က "ဘယ်သင်ကြားနည်းက အကောင်းဆုံးလဲ" ဆိုတဲ့ မေးခွန်းကို အဖြေရှာခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ "အကောင်းဆုံးနည်းလမ်းတစ်မျိုးတည်း" ဆိုတာ မရှိဘူးလို့ လက်ခံလာကြတယ်။ ဒါကို Principled Eclecticism (သို့) Post-Method Pedagogy လို့ခေါ်ပါတယ်။ ဆရာတစ်ယောက်ဟာ ကိုယ့်စာသင်ခန်း၊ ကိုယ့်ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ သင်ကြားရတဲ့အခြေအနေပေါ်မူတည်ပြီး သင်ကြားနည်းအမျိုးမျိုးက နည်းစနစ်တွေကို ပညာရှိရှိ ရွေးချယ်၊ ပေါင်းစပ်၊ အသုံးပြုသင့်တယ်ဆိုတဲ့ အတွေးအခေါ်ပါ။


5. Critical Pedagogy

အဲ့ဒီလိုကနေ နောက်ကျတော့တစ်ခါ 'ဘယ်လို' သင်ရမလဲဆိုတာထက် 'ဘာကြောင့်' သင်နေတာလဲဆိုတဲ့ မေးခွန်းတွေ မေးလာခဲ့ကြပါတယ်။ ဥပမာ 

 * ကျွန်တော်တို့သင်နေတဲ့ အင်္ဂလိပ်စာက ဘယ်သူ့ရဲ့ အင်္ဂလိပ်စာလဲ?

 * သင်ရိုးညွှန်းတမ်းထဲမှာ ဘယ်သူ့ရဲ့ ယဉ်ကျေးမှု၊ ဘယ်သူ့ရဲ့ အသံတွေကိုပဲ ကိုယ်စားပြုနေသလဲ?

 * သင်ယူသူတွေရဲ့ ကိုယ်ပိုင်လက္ခဏာ (identity) တွေကို စာသင်ခန်းထဲမှာ ဘယ်လောက်တန်ဖိုးထားသလဲ?

   ဒါက သင်ကြားရေးရဲ့ နောက်ကွယ်က အာဏာ၊ နိုင်ငံရေးနဲ့ တန်းတူညီမျှမှုဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထည့်သွင်းစဉ်းစားလာတဲ့ ပြောင်းလဲမှုတစ်ခုပါပဲ။


6. AI နှင့် နည်းပညာရဲ့ ပါဝင်လာမှု

နောက်ဆုံးပေါ် တိုးတက်မှုကတော့ Artificial Intelligence (AI) ပါပဲ။ AI က တစ်ဦးချင်းအတွက် သီးသန့်လေ့ကျင့်ခန်းတွေပေးတာ၊ အသံထွက်ကို အလိုအလျောက် အမှတ်ပေးတာ၊ chat-bot တွေနဲ့ စကားပြောလေ့ကျင့်စေတာမျိုးတွေ လုပ်ပေးနိုင်လာတယ်။ ဒါက သင်ကြားရေးကို ပိုမြန်ဆန်၊ ပိုထိရောက်အောင်လုပ်ပေးမယ့် အလားအလာကောင်းတွေ ဖွင့်ပေးလိုက်တာပါ။


7. Coursebook များရဲ့ လွှမ်းမိုးမှု

ဒီလိုတွေ သင်နည်းအဓိကထားသင်ကြားတဲ့ ပုံစံကနေ ကျောင်းသားအဓိကထားသင်ကြားတဲ့ ပုံစံကိုပြောင်းကြဖို့ တိုက်တွန်းလာကြပေမဲ့ ကျွန်တော်သတိထားမိတာတစ်ခုက ကျွန်တော်တို့ ဆရာ၊ဆရာမတွေ ဘယ်လိုသင်တယ်၊ ဘာသင်တယ်ဆိုတာကို အဓိကလွှမ်းမိုးလာတာက coursebook တွေလို့မြင်မိတယ်။ ဥပမာ ယနေ့ Oxford, Cambridge စတဲ့ စာအုပ်တိုက်တွေကနေထုတ်တဲ့ သင်ရိုးစာအုပ်တွေအပေါ်ပဲအခြေခံပြီး သင်ကြားကြတာများတာကိုတွေ့ရတယ် (မြန်မာနိုင်ငံမှမဟုတ်ဘဲ နိုင်ငံတော်တော်များများမှာပါ conference‌ တွေကနေတဆင့်သိရ‌သလောက်)။ အဲ့ဒီသင်ရိုးထဲကအကြောင်းအရာကို ဘယ်လိုသင်ရမလဲဆိုတဲ့ Teacher's Book တွေလည်း တွဲထွက်တယ်၊ အဲ့ထဲမှာညွှန်ကြားချက်တွေပါတယ်။ များသောအားဖြင့်အဲ့ဒီအတိုင်းပဲသင်ကြားကြတာများတယ် (ဆရာက လိုတိုး ပိုလျော့လုပ်တာတွေတော့ရှိနိုင်ပေမဲ့)။ 


ဆိုတော့ ကျွန်တော်တို့က အပေါ်ယံတော့ ကျောင်းသား (သင်ယူသူ) အဓိကဆိုပြီး ကြွေးကြော်သင်ကြားကြပေမဲ့ တကယ့်တကယ်တော့ သူတို့ကို ဘာသင်မယ်၊ ဘယ်လိုသင်မယ်ဆိုတာတွေက centre လို့ခေါ်တဲ့ ဗဟိုချုပ်ကိုင်မှုကနေ သတ်မှတ်ထားပြီးသားဖြစ်နေရော။ ဒီလိုဖြစ်တာရဲ့ အဓိကအကြောင်းအရင်းတစ်ခုက လက်ရှိ အင်္ဂလိပ်ဘာသာစကား သင်ကြားရေး ဈေးကွက်ရဲ့တောင်းဆိုမှုကြောင့်လဲပါမယ်ထင်ပါတယ်။ ဥပမာ အများစုသင်ကြတာက IELTS, TOEFL တို့လို Assessment tests တွေဖြေဖို့ဆိုတော့ အဲ့တာတွေရလဒ်ကောင်းဖို့ မိဘ၊ ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကများတာကို။ အဲ့တော့ ရလဒ်ဦးစားပေး သင်ကြား‌မှုဘက်ကိုရောက်သွားရော။ (ဒါက ဘယ်ဟာက ပိုကောင်းတယ်၊ မကောင်းဘူးဆိုတာထက် လက်ရှိအရှိတရားကို မြင်ကြည့်တဲ့သဘောပါ။)


ဒါကြောင့်အခုနောက်ပိုင်း coursebook တွေကိုမသုံးဘဲ ကျောင်းသားကိုဗဟိုပြုသင်ကြားတဲ့ နောက်တစ်နည်း နဲနဲပြန်အပြောများလာကြပြန်ရော။ ပေါ်တာတော့ ၁၀စုနှစ်တစ်ခုရှိပါပြီ။ Dogme Approach လို့ခေါ်တယ်။ သူက သင်ကြားရေးဆိုတာ ကျောင်းသားကိုပဲအဓိကထားရမှာဖြစ်လို့ ဘာသင်ရမယ်ဆိုတာကို coursebook တွေကနေဆုံးဖြတ်ပေးတာထက် ကျောင်းသားကပဲ သူတို့စိတ်ဝင်စားတဲ့အရာကိုပြောပြ၊ အဲ့ဒီအကြောင်းအရာပေါ်မူတည်ပြီး ဆရာက facilitator (ကူညီသူ) အနေနဲ့ ဆွဲထုတ်ပြီး ကျောင်းသားပိုပိုပြော၊ ပိုပိုသင်ယူလာအောင် သင်ကြားတဲ့ပုံစံပေါ့။ ဆိုလိုတာက ကျောင်းသားတွေကို ဘာမှမရှိတဲ့ ရေအိုးတလုံးလို့မြင်ပြီး ဆရာက ရေတွေလောင်းထည့်ပေးရမယ်ဆိုတဲ့ ယူဆချက်ရဲ့ဆန့်ကျင်ဘက်၊ ကျောင်းသားတွေမှာ အကြောင်းအရာတွေရှိပြီးသား အဲ့တာတွေအပေါ်မူတည်လို့ ဆက်‌လက်ဆွေးနွေးသင်ကြားသွားရတဲ့ပုံစံမျိုးပေါ့။ ဒ့ါကြောင့် teaching the unplugged လို့လည်းခေါ်ကြတယ်။ အဲ့ဒီနည်းနဲ့ပတ်သက်လို့လည်း အသုံးတည့်တဲ့သူတွေရှိကြသလို၊ တချို့လည်း မထိရောက်ဘူးလို့ဝေဖန်ကြတဲ့သူတွေလည်းရှိတယ်။ အထူးသဖြင့် beginner levels ကျောင်းသားတွေကိုသင်ကြားတဲ့အခါမျိုးတို့၊ ကျောင်းသားအများကြီးရရှိတဲ့စာသင်ခန်းတို့မှာ အဆင်မပြေကြောင်းပြောကြတာတွေလည်းရှိတယါ။ 


ဒါကတော့ သင်ကြားနည်းတွေရဲ့ ဟိုဘက် ဒီဘက် အစွန်းနှစ်ဖက်ရှိတတ်တဲ့သဘောနဲ့ ပြောင်းလဲလာတဲ့ (ပြောင်းလဲတယ်လို့ထင်ရတဲ့) အကြောင်းအရာတွေကို ဆွေးနွေးပြောပြခဲ့တာဖြစ်ပြီး ဘယ်နည်း၊ ဘယ်လမ်းက ပိုကောင်းတယ်လို့ပြောလိုရင်းမဟုတ်ပါ။ 

ဆွေးနွေးခဲ့တဲ့ နည်းတွေနဲ့ပတ်သက်လို့ အသေးစိတ်ဖတ်ချင်ရင် comment မှာ references အနေနဲ့ links တွေထည့်ထားပါတယ်။

Thursday, July 17, 2025

When You Lead Workshops

 အရင်တစ်ပတ်က နယ်စပ်ဒေသက စစ်ဘေးရှောင်‌ ကလေး‌ေတွရဲ့ ပညာရေးအတွက် ကူညီပေး‌ေနတဲ့ volunteer အဖွဲ့တစ်ခုက ဆရာ၊ဆရာမတွေအတွက် Workshop လေးတစ်ခု လုပ်‌ပေးဖို့ ဖိတ်‌ခေါ်တာနဲ့ (conference တွေမှာ presentations လုပ်တဲ့အတွေ့အကြုံအထိုက်အ‌ေလျာက်ရှိ‌ေပမဲ့) workshop ရယ်လို့တစ်ခါမှမလုပ်ပေးဖူးပေမယ့် အဲ့ဒီဆရာ၊ဆရာမတွေနဲ့စကားပြောခွင့်၊ သူတို့ဆီကပြန်သင်ယူခွင့်ရတာပေါ့ဆိုပြီး ကူညီပေးဖို့လက်ခံလိုက်ပါတယ်။

အဲ့တော့ Workshop နဲ့ပတ်သက်တာလေးတွေလိုက်ရှာဖတ်ကြည့်ရင်း အဓိကပါဝင်ရမဲ့အချက်ကလေးတွေမှတ်စုထုတ်ဖြစ်ပါတယ်။ ကျန်တဲ့ theory‌ တွေ၊ framework တွေခဏဖယ်ထားပြီး အဓိကကျတာ‌ လေးပဲပြောရရင်‌တော့
၁။ Workshops ဦးဆောင်သူတစ်ယောက်ဆိုတာက ကျွန်တော်တို့ ဆရာတွေ ကျောင်းသားတွေကိုစာသင်သလိုပေါ့ ပို့ချသူ (sage on the stage) တာဝန်ကိုယူရသလို၊ ဘေးကနေ ပံ့ပိုးကူညီရတဲ့တာဝန် (guide on the side) ကိုလဲယူရပါတယ်။
၂။ Workshop တစ်ခုမှာ အပိုင်း၃ပိုင်းပါဖို့ တိုက်တွန်းကြပါတယ်။
1. What
2. Why
3. How
What အပိုင်းမှာတော့ ဒီworkshop မှာကိုယ်ဆွေးနွေးချင်တဲ့အကြောင်းအရာကို ရှင်းပြတဲ့အပိုင်း (input) ပေးတဲ့အပိုင်းပေါ့။ ဥပမာ - project-based learning အကြောင်း workshop လုပ်ပြီဆို project-based learning ကဘာလဲဆိုတဲ့ concept ကိုရှင်းပြတာပေါ့။
Why အပိုင်းမှာတော့ ဘာကြောင့် ဒီအကြောင်းအရာက အရေးကြီးကြောင်း သုတေသန အထောက်အထားနဲ့ဖြစ်စေ၊ ကိုယ့်အတွေ့အကြုံရဖြစ်စေ၊ Theory တွေအရဖြစ်စေ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ရှင်းပြရတဲ့အပိုင်းပေါ့။ ဥပမာ project-based learning က ဒီနေ့အခါမှာဘာလို့အရေးကြီးသလဲဆိုတာကို ပြောပြတာမျိုး။
How အပိုင်းကတော့ (ကျွန်တော့်အမြင်) အရေးအကြီးဆုံးဖြစ်ပြီး workshop လို့နာမည်တပ်ကြပေမယ့် workshop အများစုမှာ မပါကြတဲ့အရာတစ်ခုလို့ပြောရမယ်။
ရှေ့မှာ input အနေနဲ့ ကိုယ်ပြောပြထားတဲ့ အကြောင်းအရာကို စာသင်ခန်းထဲမှာ လက်တွေ့ဘယ်လိုအကောင်အထည်ဖော်မလဲ၊ အသုံးချမလဲ ဆိုတာကို ပြောပြရုံသာမက participants ဆရာ၊ဆရာမတွေကို ဖြစ်နိုင်ရင် တကယ့်စာသင်ခန်းထဲမှာ သင်ကြားရမဲ့ ပုံစံအတိုင်း လက်တွေ့ activities ပါဝင်ပြီးလုပ်စေတဲ့အပိုင်း၊ ဆွေးနွေးကြတဲ့အပိုင်းပေါ့။ ဒါမှသာ ဆရာ၊ဆရာမတွေအနေနဲ့ lecture တစ်ခုမှာလို့ သာမှန်အချက်အလက်တွေ မှတ်ယူရတာမျိုးထက် တစ်ဆင့်တိုးပြီး လက်တွေ့ ဝေဖန် ဆန်းစစ်၊ သုံးသပ်ခွင့်ရမှာဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် ကျွန်တော်တို့ ပုံမှန်စာသင်ကြားတဲ့အခါ တက်ကြွတဲ့သင်ယူမှုဖြစ်စေဖို့ interaction patterns တွေစုံအောင်သုံးကြသလိုလို့ပြောရမယ်ထင်တယ်။ အောက်ကပုံကတော့ ကျွန်တော် workshop မလုပ်ခင် Interaction patterns တွေဆွဲကြည့်ထားတဲ့ဟာပါ။
WL = workshop leader
PT(s) = participant teachers
အပြောတော့လွယ်ပေမယ့် ကျွန်‌တော်တကယ်လုပ်တော့လည်း အခက်အခဲတွေတော့ တွေ့ရတာပေါ့။ စီစဉ်ထားသလိုတော့ဖြစ်မလာပေမဲ့ ဒီလိုပဲ လေ့လာရင်း၊ သုံးသပ်ရင်း၊ ပြုပြင်ရင်းနဲ့ ပိုကောင်းအောင် လုပ်ကြရမှာပါပဲ။
ဆရာတို့၊ ဆရာမတို့ရော Workshop နဲ့ပတ်သက်တဲ့ အကြံပြုချက်၊ မှတ်ချက်၊ အတွေ့အကြုံ စတဲ့ အမှတ်တရတွေရှိရင် မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။



A Personal Glimpse into English Language Education (ELE) in Myanmar

When discussing English Language Education (ELE) globally, scholars often refer to Kachru’s (1992) model of the Inner Circle, Outer Circle,...