Friday, June 7, 2024

English for Social Media

 


Facebook မှာ ဟိုဘက် ဒီဘက် ငြင်းကြခုံကြတာ၊ အရပ်အခေါ် ပွဲဖြစ်နေတာကို English လို 

  • debate (noun)
  • argument (noun)
  • dispute (noun)

စသဖြင့် ပြောကြပါတယ်။ တဖြည်းဖြည်း ငြင်းခုံကြရင်း ပိုပြီး ရန်လိုလာတာ၊ ဆဲကြဆိုကြ ဖြစ်လာတာ 

(become heated/aggressive)ကို နောက်တစ်ဆင့်ဆက်ပြီး flame war  (noun) လို့ပြောလို့ရပါတယ်။ 

အဲဒီလို ငြင်းကြခုံကြ share ကြတာကြောင့် လိုင်းပေါ်မှာပိုပြီးပေါက်လာတာ၊ ပြန့်သွားတာကို 

  • trending (adj) 
  • viral (adj)

စသဖြင့် သုံးကြပါတယ်။ 

ပွဲလွတ်သွားမှာစိုးရိမ်ပြီး အမြဲ Newsfeed ကြည့်နေတတ်ရင်တော့ ဒီလိုသုံးပါ။ 

I can't resist checking my Facebook feeds driven by FOMO (Fear of missing out). 

ဘာမှအရေးမကြီးတဲ့၊ အရည်မရအဖတ်မရအလကား အချိန်ကုန်စေတဲ့ပွဲတွေကိုတော့ 

  • idle chatter 
  • pointless debate/argument 
  • fruitless discussion 

စသဖြင့်သုံးလို့ရပါတယ်။ 

ခပ်ပြင်းပြင်းလေးပြောချင်ရင်တော့ 

Those kinds of arguments are just a waste of time and energy, and are ultimately useless.

ပွဲတွေပဲ ဖြစ်နေလို့ အရေးကြီးတဲ့အခြားသတင်းတွေကို သိပ်မသိတော့တာ၊ မှေးမှိန်သွားတာကိုတော့ 

- be overshadowed 

Such arguments cause other important news or issues to be overshadowed. 

- get lost in the noise

 Important news or issues often get lost in the noise of these idle arguments. 

စသဖြင့်သုံးလို့ရပါတယ်။ 

ပွဲတွေပဲများနေလို့ Facebook ကိုမသုံးချင်တော့ဘူး၊ စိတ်ကုန်လာတာကိုတော့ ရိုးရိုးရှင်းရှင်း 

  • no longer want to use 
  • lose interest 

လို့သုံးလို့ရသလို informally 

be fed up ကိုလည်းသုံးလို့ရပါတယ်။ 

People are fed up with those constant pointless arguments. 

ဒါတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကျတော့ 

These toxic contents are detrimental (=harmful) to our well-being. 

အခုလို social media အသုံးများတာ၊ ပွဲ‌ဆက်တွေများတာတွေကြောင့် စိတ်တွေမရွှင်ဘူးဆိုရင်တော့ 

It's time for a social media detox. ပါခင်ဗျာ။ Take a break from social media. လို့အကြံပြုချင်ပါတယ်။ 

By the way - အခုလိုပွဲဖြစ်နေတာတွေကို လိုသလိုအသုံးချပြီး တစ်ခုခုကို promote လုပ်တာ၊ ကြော်ငြာတာ စသဖြင့်ကိုတော့ newsjacking လုပ်တယ်လို့ပြောကြတယ်။  Am I doing it now?

Self-Study Resources for IELTS

 



Language တစ်ခုကိုသင်ယူတဲ့အခါ 20/80 rule အတိုင်းပဲ သင်တဲ့အပိုင်းက ၂၀% ကိုယ်တိုင်လေ့ကျင့်တဲ့အပိုင်းက ၈၀% လုပ်ရပါတယ်။ အမြဲထိတွေ့နိုင်လေ ကိုယ့်ရဲ့skill ပိုမိုတိုးတက်လေမို့...များများလေ့ကျင့်ဖို့လိုအပ်ပါတယ်။

📖 READING 📖

✍️IELTS Reading မှာပါတဲ့ passage တွေဟာ Exams မှာမေးဖို့ဆိုပြီး သီးသန့်ရေးသားထားတာတွေမဟုတ်ဘဲ၊ အပြင်magazines, journals or newspaper တွေမှာပါတဲ့ Articles, News, တွေကဲ့သို့သော Authentic Textတွေဖြစ်ပါတယ်။ အဲ့ဒီတော့ အမြဲ Keep in touch with reading ဖြစ်နေစေဖို့၊ စာများများဖတ်ဖို့လိုပါတယ်။ 

အဲ့ဒီတော့ ဖတ်သင့်တာတွေ ညွှန်းချင်ပါတယ်။ 

 1. The Independent 

 2. The Guardian

 3. The New York Times

 4. The Age 

 5. Reader's digest

 ကျန်တဲ့ကောင်းတဲ့ Source တွေလည်းအများကြီးရှိမှာပါဗျ။ ဒီsource တွေကို Facebook မှာဖြစ်ဖြစ်၊ Twitter မှာဖြစ်ဖြစ်၊ Google မှာဖြစ်ဖြစ်ဖတ်လို့ရပါတယ်။ 

 ဒီTelegram Link မှာဆို အဆိုပါ Magazine တွေ Free Download ပြီးဖတ်လို့ရပါတယ်။ 

 https://t.me/kyawbmChat

နောက်တစ်ခုကတော့ Encyclopedias တွေကိုဖတ်တာပါ။ သူ့မှာဆိုရင် ပါတဲ့အကြောင်းအရာတွေက Academic ဖြစ်တယ်၊ နောက်ပြီးသူ့ရဲ့ difficulty level ကလည်း လက်ရှိ Exam မှာပါတဲ့ passage တွေရဲ့ level နဲ့အတူတူလောက်ပဲ။ 

 https://www.encyclopedia.com ကနေဝင်ပြီး Free ဖတ်လို့ရပါတယ်။ 

 IELTS exam practice လိုမျိုး လေ့ကျင့်ချင်ရင်တော့ Reading နဲ့ Listening လေ့ကျင့်လို့ရတဲ့ siteလေး link ပေးထားပါတယ်။ Timer လည်းပါလို့ အချိန်သတ်မှတ်ပြီးဖြေလို့ရပါတယ်။ အဖြေတစ်ခါတည်းစစ်လို့ရသလို၊ solutionလည်းကြည့်လို့ရပါတယ်။ 

 https://mini-ielts.com/

🎧 LISTENING 🎧

✍️Listening အတွက်ဆိုရင်တော့ BBC World Service၊ BBC Radio 4 နဲ့ TED talks တွေအမြဲနားထောင်ပါတယ်။ အခုသင်တန်းကနေပေးတဲ့အိမ်စာမှာပါတဲ့ (Practice Tests တွေမှာပါတဲ့) test audio တွေကိုလည်းလွတ်သွားတဲ့နေရာလေးတွေထပ်ဖန်တလဲလဲ‌နားထောင်ခြင်းအားဖြင့်လည်း၊ English Language ရဲ့ စကားလုံး link ချိတ်ပုံ၊ အဆုံးသတ်ထွက်ပုံလေးတွေနားလည်လာနိုင်ပါတယ်။

🗣️ SPEAKING 🗣️

 ✍️Speaking & writing နဲ့ဆိုင်တဲ့ Vocabulary တွေတိုးချင်ရင်တော့ quizlet.com မှာ vocabulary for IELTS၊ Vocabulary Workshop စသဖြင့် ရိုက်ရှာပြီး လေ့လာလို့ရပါတယ်။ 

Speaking အတွက်ဆို English Speaking Success ဆိုပြီး YouTube မှာရှာပြီး ‌ေလ့လာဖို့လည်း recommend လုပ်ပါတယ်။ https://youtu.be/wcq1IWQn74E 

 Website Link ကတော့ https://keithspeakingacademy.com/ ပါ။

✍️Speaking Skills တိုးတက်အောင် များများပြောချင်တယ်။ အတူတူပြောမယ့်သူလဲမရှိဘူးဆိုသူတွေအတွက် Speaking Partner (Robot) လေးလာပါပြီ။ သူမေးတာလေးတွေဖြေပြီး ကိုယ့်ရဲ့ Level ကိုလည်းသိနိုင်ပါတယ်။ Software ဖြစ်တာကြောင့် သူပြောတဲ့ level ကိုအတည်ယူလို့တော့မရပါဘူး။ It's just for practice! ပါ။ ကျွန်တော်တော့ စမ်းကြည့်ပြီး သဘောကျလို့ ပြန်မျှဝေပေးတာပါ။

https://speakandimprove.com/ 

နောက်တစ်ခုအ‌ေနနဲ့၊ ကိုယ့်ရဲ့ pronunciation ကိုအဓိကတိုးတက်အောင် အနီးကပ် Coach တစ်ယောက်လို အတူလေ့ကျင့်ပေးမယ့် Application ကတော့ ELSA Speak ပါ။ လက်ရှိ Speaking အတွက်အကောင်းဆုံး AI app လို့ပြောလို့ရပါတယ်။ 100% Customer Satisfied Review ရထားပါတယ်။  App ဖြစ်လို့သက်ဆိုင်ရာstore တွေကနေ download လုပ်ပြီး သုံးကြည့်ပါ။

အောက်ပါ sites တွေမှာရော Speaking Practice လုပ်လို့ရပါတယ်။

1. Italki  

2. www.italki.com

2. Cambly

3. ww.cambly.com

3. Conversation exchange 

4. www.conversationexchange.com

(Ref. Keith Speaking Academy)

📝 WRITING 📝

Writing အတွက်ဆို Cambridge ရဲ့ Free learning tool ဖြစ်တဲ့

www.writeandimprove.com မှာ လေ့ကျင့်လို့ရပါတယ်။ Usage အမှားတွေကို Feedback ပေးပေးပါတယ်။ လေ့ကျင့်စရာ Topic တွေလည်းအစုံပါပါတယ်။ 

✍️Writing Sample တွေဖတ်ချင်ရင်တော့ 

https://ieltsliz.com/

https://ielts-simon.com/

www.ielts-mentor.com

www.ielts-exam.net တို့မှာဖတ်ပါ။ 

🔠 Vocabulary 🔠

Vocabulary လေ့လာဖို့အတွက်ဆိုရင် Oxford Learner's Dictionary လေးဆောင်ထားစေချင်ပါတယ်။ အဲ့ဒီထဲမှာဆိုရင် Favorite Section မှာ သက်ဆိုင်ရာ Topic အလိုက် တူရာ လေးတွေစုပေးထားပါတယ်။ ပြီးရင် အသုံးများတဲ့ စကားလုံးတွေဆိုရင် Collocation လေး‌ေတွပေးထားတဲ့အတွက် တကယ်အဆင်ပြေပါတယ်။ ကျွန်တော် English စာကို self-study လုပ်စအချိန်ကစလို့ ဒီနေ့အချိန်အထိ ကျွန်တော့်ရဲ့ လက်စွဲတော်ပါ။ 

OALD ရဲ့အသုံးဝင်ပုံအသေးစိတ်ကို ဒီlink ကနေသွားနားထောင်နိုင်ပါတယ်။ 

https://m.facebook.com/story.php?story_fbid=273304158551482&id=100076156994312&mibextid=Nif5oz

Vocabulary in Use လို Seriesတွေမျိုး၊ Vocabulary for IELTS လိုမျိုး Course book တွေကို လေ့လာချင်တယ်ဆိုလည်း၊ စာအုပ်ဆိုင်တော်တော်များများမှာ အလွယ်ဝယ်ယူလေ့လာလို့ရပါတယ်။ 

🆎 Grammar 🆎

Grammar နဲ့ပတ်သက်ရင်တော့ အသေးစိတ်လေ့လာချင်တယ်ဆိုရ‌င်တော့ English Grammar in Use series လေးတွေ recommend လုပ်ပါတယ်။ အသေးစိတ်လေ့လာတာမျိုးမဟုတ်ဘဲ ကိုယ်သိချင်တာလေးကိုပဲ ရွေးပြီးကြည့်ချင်တယ်၊ လိုတဲ့အချိန်မှပဲconsult လုပ်ချင်တယ်ဆိုရင်တော့ Oxford Practical English Usage (PEU) ကို recommend လုပ်ပါတယ်။ စာအုပ်တွေက မြန်မာနိုင်ငံမှာ အလွယ်ဝယ်ရနိုင်ပါတယ်။ 

🅰️ Academic English 🅰️

အခုကျွန်တော်တို့လေ့လာနေတဲ့ IELTS ဟာ Academic IELTS ဖြစ်တဲ့အတွက် Academic English နဲ့အများကြီးသက်ဆိုင်ပါတယ်။ Academic English နဲ့ပတ်သက်လို့ မျှဝေထားတဲ့ Facebook Post ကိုဖတ်ကြည့်ကြည့်ပါ။

https://m.facebook.com/story.php...

အခြားကောင်းတာတွေလည်း အများကြီးရှိပါတယ်။ များများလေ့လာရင်း များများတိုးတက်ကြပါစေ...။

Global Englishes



Global Englishes အကြောင်းမစခင် ပထမဆုံးပြောလိုတာက ဘာသာစကားတစ်ခုဟာ အမြဲပုံသေရှိနေတတ်တာမဟုတ်ဘဲ အခြား ဘာသာစကားတို့နဲ့ဖြစ်စေ၊ ထိုဘာသာစကားကိုပြောဆိုသူတွေနဲ့ ဖြစ်စေ ထိတွေ့၍ အမြဲပြောင်းလဲနေတယ်ဆိုတာပါ။ အထိအတွေ့ အနည်း အများပေါ်မူတည်ပြီး စကားလုံး၊ အသံ၊ သဒ္ဒါ စတာတွေအထိ ပြောင်းလဲနေပါတယ်။ 

နောက်တစ်ခုက ကမ္ဘာတစ်ဝှမ်းက English Speakers ပေါင်း 1 billion ကျော်ခန့်မှာ Native အနေနဲ့ပြောကြတဲ့သူတွေက 200 million ဝန်းကျင်ပဲရှိပါတယ်။ ကျန်တဲ့ 800 million ကျော်က English ကို Lingua-franca အနေနဲ့ပြောကြတဲ့သူတွေပါ။ ယနေ့ ကမ္ဘာတစ်ဝှမ်းမှာပြောကြတဲ့ English conversations တွေထဲက 4% ဝန်းကျင်းမှာပဲ Native Speakers တွေပါဝင်နေပါတယ်။(Ethnologue ကယူထားတဲ့ ၂၀၂၂ကအချက်အလက်တွေပါ၊ အခုက access မရတော့ update အတိအကျတော့မသိရ။)

Global Englishesလို့ ပြောလိုက်ရင် အဓိက ၃ပိုင်းပါပါတယ်။ 

ပထမက World Englishes ပါ။ standard English ဆိုတာထက် အမျိုးမျိုးသော Varieties of English တွေ (ဥပမာ Indian English, Singaporean English, African English, Myanglish စသဖြင့်) ကိုပါအလေးထားလေ့လာတာပါ။ 

ဒုတိယက English as a Lingua Franca (ELF) ပါ။ သူ့ကိုတော့ စောစောကပြောတဲ့ Varieties တွေဆိုတာထက် Variety တစ်ခုက speaker က အခြား variety က speaker နဲ့ပြောတဲ့အခါ ဘာဖြစ်လဲဆိုတာကို ပိုဦးစားပေးလေ့လာတာပါ။ ဥပမာ Singaporean English ပြောတဲ့‌သူတစ်ယောက်က Thai ကိုရောက်သွားတဲ့အခါ သူတို့ ဘယ်လို ပြောကြလဲ၊ သူတို့ရဲ့ English ကရော ဘယ်လိုပုံစံဖြစ်သွားလဲဆိုတာကို အဓိကထားပါတယ်။ first language မတူတဲ့ speakers တွေကြား English ကို communication အတွက်အဓိကသုံးကြတာကို ELF လို့ပြောလို့ရမယ်ထင်ပါတယ်။ 

တတိယတစ်ချက်က တစ်ချို့ကလည်း English as an international language လို့ခေါ်ကြတယ်။ ELF ကတော့ နည်းနည်း linguistics ဘက်ကိုပိုသွားပြီး သူကတော့ ပိုပြီး general ဖြစ်တဲ့အခေါ်အဝေါ်လို့ပြောလို့ရတယ်။ ဆိုလိုရင်းတွေကတော့ ယနေ့အခါမှာ English ကို နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စတာတွေမှာ အသုံးပြုလာတာကြောင့် standard English ဆိုတဲ့ ဘောင်သေးသေးကိုကျော်ကြည့်ဖို့နဲ့ ကျောင်းသားတွေကိုသင်တဲ့အခါမှာလည်း ဒါတွေအတွက်ပါ ready ဖြစ်အောင်သင်ပေးဖို့ လို့ပြောလို့ရမယ်ထင်ပါတယ်။ 

အားလုံးအနှစ်ချုပ်ရရင် သူက English လို့ပြောရင် တစ်ခုထဲလို့မမြင်ဘဲ Englishes တွေအနေနဲ့မြင်ဖို့၊ အင်မတန်နည်းပါတဲ့ Native Speaker တွေရဲ့ English ကိုပဲအာရုံစိုက်တာထက် ပိုအသုံးများတဲ့ 'Non-Native Speaker' တွေရဲ့ English ကိုအလေးထားဖို့၊ English ဟာအခုဆိုရင် တစ်နိုင်ငံထဲပိုင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ English ဆိုတာ သတိပြုမိဖို့‌ စတာတွေပါပဲ။ 

ဒါက Global Englishes အကြောင်းအကြမ်းဖြင်းပြောပြတာပါ၊ ထုံးစံအတိုင်းကျွန်တော်ကတော့ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားရေးနဲ့ဆိုင်တာကိုအဓိကထားဆွေးနွေးချင်ပါတယ်။ 

ကျွန်တော်တို့စာသင်ခန်းထဲမှာလုပ်လို့ရတာက: 

၁။ ကျွန်တော်တို့ရဲ့ကျောင်းသားတွေကို ပထမအဆင့် English လို့ပြောရင် လက်တစ်ဆုပ်စာ Native English ဟာမလုံလောက်ကြောင်းနဲ့ လက်ရှိမှာ Global Englishes ကအရေးကြီးကြောင်း သူတို့နားလည်၊ လက်ခံလာအောင် ပြောပြဖို့လိုပါမယ်။ 

၂။ သူတိုကို World Englishes တွေ၊ ELF တွေနဲ့ ပိုမိုထိတွေ့ရအောင်လုပ်ပေးရပါမယ်။ ဆိုလိုတာက ကမ္ဘာအနှံ့က မတူတဲ့ accents တွေ၊ မတူတဲ့ Englishes တွေနဲ့ ထိတွေ့စေရပါမယ်။ ကိုယ့်ရဲ့ သင်ရိုးမှာ ဒါတွေကိုထည့်သွင်းရေးဆွဲထားရပါမယ်။ ဥပမာ နိုင်ငံအသီးသီးကသူတွေရဲ့ English interview တွေကြည့်စေတာ၊ သူတို့ကိုယ်တိုင် မတူတဲ့ accents တွေကို စူးစမ်းလေ့လာစေတာ၊ မတူတဲ့ Englishes တွေကို လေ့လာစေပြီး အတန်းထဲမှာ presentation လုပ်စေတာ စတာတွေလုပ်လို့ရပါတယ်။ ဒါမှသာ စာသင်ခန်းထဲမှာသင်ရတဲ့  Englishက တကယ့်အပြင်မှာသုံးတဲ့ English နဲ့ကိုက်ညီနေပြီး လက်တွေ့အပြင်မှာအသုံးချဖို့ ready ဖြစ်နေမှာပါ။ 

၂။ အပြင်မှာ ပြောကြ၊ ဆိုကြတဲ့အခါ ကိုယ်နဲ့ပြောတဲ့သူရဲ့ proficiency level ကိုလိုက်လို့ ဘယ်လိုပြောကြ၊ ဆိုကြမလဲ (ဥပမာ - သူက basic level ဆိုရင် သူနားလည်အောင် ကိုယ့်ရဲ့ Englishကို ဘယ်လိုပြောမလဲ)၊ သူ့ရဲ့ accentကို ကိုယ်နားမလည်တဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ accentကို သူနားမလည်တဲ့အခါ ဘယ်လို ညှိပြီးပြောကြမလဲ၊ တစ်ဖက်က မတူတဲ့ English variety တစ်ခုကိုသုံးတဲ့အခါ (ဥပမာ သူတို့ရဲ့ နိုင်ငံမှာပဲအသုံးများတဲ့ vocabulary တစ်ခုကိုသုံးတဲ့အခါ) ဘယ်လို cope လုပ်ကြမလဲ စတဲ့  ELF strategies တွေကို သင်ပေးကြရပါမယ်။ 

၃။ English ကိုသုံးကြတဲ့ မတူတဲ့ cultures တွေ လူ့အဖွဲ့အစည်းတွေကို လေးစားတတ်ဖို့သင်ပေးရပါမယ်။ များသောအားဖြင့် ကျွန်တော်တို့သုံးတဲ့ ready-made coursebook တွေမှာဆို ဒီ western cultures တွေလွှမ်းမိုးတာများပါတယ်။ ဒါကို ကိုယ်က အပို materials တွေကိုသုံးလို့ ဖြစ်စေ ကိုယ့်ရဲ့ culture ကစလို့ အခြားမတူတဲ့ culture တွေကိုပါထည့်သွင်းသင်ကြားပေးရပါမယ်။ 

နောက်ဆုံးအနေနဲ့အနှစ်ချုပ်ပြောလိုတာကတော့ ကျွန်တော်တို့ ပြောဆိုကြတဲ့ အခါမှာ အရေးကြီးဆုံးကတော့ (intelligibility ) အလွယ်နားလည်နိုင်စွမ်းပါပဲ။ ကိုယ်ပြောတာက တစ်ဖက်နားလည်လွယ်တဲ့ အနေအထားမှာဆိုရင် ကျွန်တော်တို့ရဲ့ communication ရည်ရွယ်ချက် ပြီးမြောက်ပြီပဲဖြစ်ပါတယ်။ ဒီလိုနားလည်လွယ်ဖို့က Native English, Standard English နဲ့တင်မလုံလောက်ကြောင်းနဲ့ Global Englishes ကိုပါ သတိပြု လေ့လာကြဖို့ လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။ 

ကိုးကား။

Eberhard, D. M., Simons, G. F., & Fenning, C. D. (Eds.). (2022). Ethnologue: Languages of the world. (25th ed.). SIL International. Online: http://www.ethnologue.com

Rose, H., & Galloway, N. (2019). Global Englishes for language teaching. Cambridge University Press.

Saturday, June 1, 2024

Learning Language in Chunks



၁၉၉၃ ခုနှစ်လောက်မှာပဲ Michael Lewis ဟာ The Lexical Approach ဆိုတာကိုစတင် မိတ်ဆက်ခဲ့ပြီး သမားရိုးကျ ဘာသာစကားကိုမြင်တဲ့အမြင် (ဘာသာစကားဆိုတာ သတ်မှတ်ထားတဲ့ Grammatical Structure ထဲမှာ စကားလုံးတစ်လုံးချင်းစီကို သင့်တော်အောင်ထည့်သွင်းအသုံးပြုတာ) ကနေ ခွဲထွက်လာပါတယ်။ Lewis ကတော့ ဘာသာစကားမှာ ပေါင်းစပ်လိုက်တဲ့အခါ အဓိပ္ပာယ်တစ်မျိုးထွက်လာတတ်တဲ့ စကားလုံးတွဲတွေ (chunks) လည်းပါဝင်တာမို့ Language တစ်ခုကိုလေ့လာတဲ့အခါ Chunks တွေကိုလေ့လာဖို့လည်းလိုတယ်လို့ဆိုပါတယ်။ 

Lewis ဆိုလိုတဲ့ Chunks တွေမှာတော့

🔹 Collocation (e.g. wrong way, give way, the way forward)

🔹Fixed expressions (by the way, in the way)

🔹 Formulaic utterances (I'm on my way; no way!) 

🔹 Sentence starters (I like the way .....)

🔹 Verb patterns (to make/fight/elbow one's way)

🔹 Idioms and catchphrases (the third way; way to go)

စတာတွေပါဝင်ပါတယ်။ 

အခု ဥပမာတွေကိုကြည့်မယ်ဆိုရင်လည်း Grammar ရယ် စကားလုံးတစ်လုံးခြင်းရဲ့ လုံးကောက်အဓိပ္ပာယ်ရယ် လို့ သီးခြားခွဲပြောတာထက် unit တစ်ခုလိုမြင်မှ အဓိပ္ပာယ်ပေါ်တာကိုတွေ့ရမှာပါ။ 

Lewis ကစ‌လို့နောက်ပိုင်းပညာရှင်တွေက Lexical Approach, learning language in chunks စတာတွေပိုမိုဆွေးနွေးရေးသားလာကြပါတယ်။ 

ဒါကတော့ Theoretical Background အနေနဲ့ဆေွးနွေးတာပါ။ အဓိကကတော့ English Language ကိုလေ့လာတဲ့အခါ single-word vocabulary တွေကိုပဲလေ့လာနေတာမျိုးမဟုတ်ဘဲ multiple-word items (chunks) တွေကိုပါလေ့လာဖို့လိုတယ်ဆိုတာ သတိပြုမိစေချင်လို့ပါ။

ဒါဆို English Language ကို Chunks နဲ့လေ့လာသင်ယူတဲ့အခါ ဘာတွေအကျိုးထူးနိုင်လဲဆို‌ေတာ့....

🔹သက်ဆိုရာ Chunks အလိုက်လေ့လာထားတဲ့အခါ အဓိကကတော့ Productive Skills တွေ ဖြစ်တဲ့  Speaking နဲ့ Writing မှာ ပိုပြီးတော့ မြန်မြန် recall လုပ်နိုင်လာတယ် (Fluent ဖြစ်လာတယ်ပေါ့)။ 

🔹Receptive Skills တွေဖြစ်တဲ့ Listening နဲ့ Reading မှာလည်း ပိုပြီးတော့ process လုပ်နိုင်လာပါတယ် (တစ်ဖက်ကပြောတာကို ပိုပြီးမြန်မြန်ဆန်ဆန်နားလည်လာတယ်ပေါ့)။ 

Chunks အလိုက် အတိုင်းအတာတစ်ခုအထိ လေ့လာပြီးတဲ့အခါ ကျွန်တော်သတိထားမိတာကတော့ Speaking မှာပိုသိသာလာပါတယ်။ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ပိုပြီးတော့ Fluent ဖြစ်ဖြစ်ပြောနိုင်လာတယ်။ Native Speakers တွေပြောတာကိုလည်း ပိုပြီးတော့ နားလည်လာတယ်။ နောက်ပြီး Chunks နဲ့ပြောတဲ့အခါ ကိုယ်ပြောတာက ပိုပြီး Idiomatic ဖြစ်လာပါတယ်။ (ဥပမာ - IELTS Speaking မှာဆို Fluency နဲ့ Use of Idiomatic Language ဆိုတာ Assessment Criteria တွေထဲမှာပါဝင်တာကြောင့် Higher Band Score ရလာနိုင်ပါတယ်။) 

အနှစ်ချုပ်ပြောရရင်တော့ ကိုယ့်ရဲ့ Language ဟာပိုပြီး Natural ကျလာပါတယ်။ Language တစ်ခုရဲ့အရေးကြီးဆုံးအချက်တစ်ခုက ပြောတာပဲဖြစ်ဖြစ် ရေးတာပဲ‌ဖြစ်ဖြစ် Natural ကျနေဖို့ပါ။ ဒါကို Chunks အလိုက်သင်ယူလေ့လာခြင်းကအထောက်အကူဖြစ်စေနိုင်ပါတယ်။ 

                                                    ***********************

PHaVE List & PHRASE List

------------------------------------------

ဒါကြောင့် Chunks အလိုက် သင်ယူလို့ရမယ့် စကားလုံးတွဲတွေထဲကမှ နှစ်မျိုးမျှဝေချင်ပါတယ်။ 

1. PHaVE List

ပထမဆုံးအနေနဲ့ Phrasal Verb တွေကိုမျှဝေပေးချင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ Phrasal Verb တွေများပြားတာကြောင့် Phrasal Verb Dictionary တွေတောင်ထုတ်ဝေကြတာမျိုးရှိပါတယ်။ အားလုံးကိုလေ့လာဖို့မဖြစ်နိုင်သေးသလို၊ သာမာန် သင်ယူသူတစ်ယောက်အနေနဲ့ဆိုရင် အကုန်လေ့လာဖို့လည်းမလိုအပ်နိုင်ပါ။ ဒါကြောင့် အသုံးများတဲ့ Phrasal Verb တွေဆိုပြီး စာရင်းပြုစုမျှဝေကြတာတွေလည်း တော်တော်များများရှိလာပါတယ်။ 

ကျွန်တော်သဘောကျတဲ့ Phrasal Verb List တစ်ခုက‌ေတာ့ University of Nottingham က ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဆရာ Norbert Schmitt နဲ့ သူ့ရဲ့ ကျောင်းသားတစ်ဦးပူးတွဲပြုစုထားတဲ့ List ပါ။ PHaVE List လို့ခေါ်ပါတယ်။ အတွေ့ရအများဆုံး Phrasal Verbs 150 ကိုပြုစုထားပါတယ်။ 

သူ့ရဲ့အားသာချက်ကတော့ 

🔹အသုံးအများဆုံး စကားလုံးတွေကို ရွေးချယ်ပေးထားပါတယ်။ 

🔹အဓိပ္ပါယ်ရှင်းပြချက်၊ နမူနာစာကြောင်းတွေတပါတည်းပါဝင်ပါတယ်။ 

🔹ဘယ်လောက်ရာခိုင်နှုန်းအထိ အသုံးပြုကြောင်း Frequency Rate ပါတယ်။

🔹ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ User Manual ပါပါတယ်။ 

🔹ခက်ခက်ခဲခဲမဟုတ်ဘဲ နားလည်လွယ်တဲ့အရေးအသားနဲ့ပဲရေးပေးထားလို့ Basic Learner တွေကအစ အလွယ်လေ့လာနိုင်ပါတယ်။

အားနည်းချက်လို့ပြောနိုင်တာကတော့ 

🔹သူက Corpus of Contemporary American English ကနေပဲယူထားတာဖြစ်လို့ American English အသုံးတွေပဲများပါတယ်။ 

🔹 General English Language Learner တွေအတွက်ပဲရည်ရွယ်တာမို့ တချို့စကားလုံးတွေကို အသေးစိတ်အဓိပ္ပာယ်၊ဆင့်ပွားအဓိပ္ပာယ်တွေမဖွင့်ဆိုထားပါ။

⬇️ PHaVE List ကိုဒီlink ကနေ download ပါ။ 👇

https://afa4be34-0fda-46d9-8e64-5adf13d4216b.filesusr.com...

⬇️ ဘယ်လိုသုံးရမလဲဆိုတဲ့ User Manual ကိုဒီမှာ download ပါ။ 👇

https://afa4be34-0fda-46d9-8e64-5adf13d4216b.filesusr.com...


2. PHRASE List

နောက်ထပ်မျှချင်တာကတော့ Formulaic Language Forms List ပါ။ သူ့ကိုလည်း ဆရာ Norbert Schmitt နဲ့ သူ့ရဲ့ PhD ကျောင်းသားဟောင်းဖြစ်တဲ့ Martinez တို့ကပဲပြုစုထားတာပါ။ PHRASE List လို့ခေါ်ပါတယ်။ အသုံးအများဆုံး expressions 550 ကိုပြုစုထားတာပါ။ 

သူ့ရဲ့အားသာချက်ကတော့

🔹အသုံးအများဆုံး multiple-word expressions တွေကိုရွေးချယ်ပေးထားတယ်။ 

🔹 Expression တစ်ခုကို ဘယ်လောက်ထိသုံးလဲဆိုတဲ့ Frequency Rating ထည့်ပေးထားပါတယ်။ 

🔹 Expression တစ်ခုချင်းစီကို Skills အလိုက် Speaking မှာသုံးတာလား၊ Writing မှာသုံးတာလား General Writing (သို့) Academic Writing မှာသုံးတာလား စသဖြင့် ခွဲခြားပြပေးထားပါတယ်။ 

🔹နမူနာ ဝါကျတွေရေးပြထားပါတယ်။ 

အားနည်းချက်လို့ပြောနိုင်တာကတော့ 

🔹သူက British National Corpus (BNC) ကနေပဲယူထားတာဖြစ်လို့ British English အသုံးတွေပိုများပါတယ်။ 

⬇️ PHRASE List ကို download ရန် 👇

https://afa4be34-0fda-46d9-8e64-5adf13d4216b.filesusr.com/ugd/5f2482_63c555de9e3f4c09af4170ba051b3bbe.doc?dn=AL%20Martinez%20and%20Schmitt%20-%20PHRASE%20List.doc

⬇️ PHRASE List User Manual download ရန် 👇

https://afa4be34-0fda-46d9-8e64-5adf13d4216b.filesusr.com/ugd/5f2482_6f9fe868fe7c46b38dac881fcef4148f.doc?dn=AL%20Martinez%20and%20Schmitt%20-%20PHRASE%20List%20User%27s%20Guide.doc

သဘာဝကျကျ ရေးနိုင်၊ပြောနိုင်ကြပါစေ.....

12.09.2021

Phyo Wai Tun

REFERENCE:

1. https://www.norbertschmitt.co.uk/vocabulary-resources

(The PHRASE list is a list of the 505 frequent multi-word expressions compiled by Norbert Schmitt, the PHaVE list is a list of the 150 most common phrasal verbs compiled by Melodie Garnier.)

2. https://www.cambridge.org/.../CambridgePapersInELT_Chunks...

(This paper by Scott Thornbury provides a clear and accessible explanation of chunks as well as why and how they should be taught.)

3. https://www.cambridge.org/.../using-chunks-to-improve.../

Language & Context

 


ဘာသာစကားလေ့လာသင်ယူကြတဲ့အခါ သတိထားရမဲ့ context ၂ မျိုးရှိပါတယ်။ 

ပထမ တစ်မျိုးကတော့ Context of Culture လို့ခေါ်ပါတယ်။ Culture တူတဲ့အခါ များသောအားဖြင့် အခြေခံ အလေ့အထ၊ အယူအဆတွေ တူကြတာဖြစ်လို့ ပြောဆို ဆက်သွယ်ကြရတာ အခက်အခဲသိပ်မရှိတတ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်တာ၊ ဆိုင်မှာ စားစရာမှာတာ၊ အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ပြောကြတာ စတာတွေမှာ အချင်းချင်း နားလည်လွယ်ကြပါတယ်။ Culture မတူတဲ့အခါမှာတော့ သက်ဆိုင်ရာ Culture အလိုက် မတူတဲ့အကြောင်းအရာတွေသိထားဖို့လိုပါတယ်။ ဒါကြောင့်ပဲ culture တွေအကြောင်း integrate လုပ်ပြီးသင်လာကြတာတွေ ကျွန်တော်တို့ ရင်းနှီးပြီး ဖြစ်မှာပါ။ 

ဒုတိယ context ကတော့ Context of Situation ပါ။ အခြေအနေပေါ်မူတည်ပြီး သုံးရတဲ့ ဘာသာစကားက ကွဲသွားပြန်ပါတယ်။ Context of Situation ကို လက္ခဏာရပ် ၃ ခုနဲ့ ပြောကြပါတယ်။ 

(၁) ပြောနေတဲ့ (သို့) ရေးနေတဲ့ အကြောင်းအရာ

ဥပမာ- သင်ကြားရေးအကြောင်းပြောတဲ့အခါ သုံးတဲ့ language နဲ့ စိုက်ပျိုးရေးအကြောင်းပြောတဲ့အခါ language မတူတာမျိုး။

(၂) ပြောတဲ့သူနဲ့ နားထောင်သူ (သို့) ရေးတဲ့သူ နဲ့ ဖတ်တဲ့သူ အကြားက ဆက်ဆံရေး 

ဥပမာ - သူငယ်ချင်းတဲ့ ပြောတဲ့အခါသုံးတဲ့ language နဲ့ interview ဖြေတဲ့အခါသုံးတဲ့ language မတူတာမျိုး။

(၃) အပြောလား၊ အရေးလား

ဥပမာ - စားဖိုမှူးတစ်ယောက်က ဟင်းချက်ပြနေရင်း ဘာထည့်ရမယ်၊ ဘယ်လိုချက်ရမယ် ပြောပြနေတာနဲ့ ဒါကိုပဲဟင်းချက်လမ်းညွှန်စာအုပ်ထဲမှာ ရေးထားတာနဲ့ မတူတာမျိုး။

ဒီလက္ခဏာရပ် ၃ ခုပေါ်မူတည်ပြီး ကျွန်တော်တို့ သုံးတဲ့ Language ကကွဲပြားသွားပါတယ်။ 

ဒီ ၃ချက်ကိုပဲ Hallidayတို့ ကတော့ 

(၁) Field (ရေးတဲ့/ပြောတဲ့ အကြောင်းအရာ)

(၂) Tenor (ပြောသူ-နားထောင်သူ/ရေးသူ-ဖတ်သူကြားဆက်ဆံရေး)

(၃) Mode (communication channel အပြောလား/အရေးလား) 

ဆိုပြီးခေါ်ကြပါတယ်။ 

ဒါတွေကိုပေါင်းပြီး register လို့လည်းခေါ်ကြပါတယ်။ 

တကယ်တော့ ကျွန်တော်တို့တတွေ ကလေးဘဝကစလို့ မိခင်ဘာသာစကားသင်ယူတဲ့အခါ တစ်ဖက်ကလည်း စကားလုံး ဝေါဟာရ၊ သဒ္ဒါ စတာတွေသင်ယူကြသလို တစ်ဖက်မှာလည်း ကိုယ်ပြောလိုတဲ့ context အပေါ်မူတည်ပြီး စကားကို ဘယ်လိုပြောင်းပြောကြမလဲ၊ ရေးကြမလဲဆိုတာပါ သင်ယူကြပါတယ်။ 

တနည်းပြောမယ်ဆို အပေါ်မှာပြောခဲ့တဲ့ သက်ဆိုင်ရာ context အလိုက် register ‌ကိုဘယ်လိုပြောင်းရမလဲဆိုတာ သင်ယူလေ့လာကြရပါတယ်။ 

ဒါကြောင့် တချို့ကလေးတွေဆို သူငယ်ချင်းတွေနဲ့ informally ပြောကြ၊ဆိုကြတဲ့အခါ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြပေမဲ့ ပိုပြီး formal ဖြစ်တဲ့ ကျောင်းမှာ သင်တဲ့ ဘာသာရပ်တွေအတွက်ကျ မပြောနိုင်၊ မလိုက်နိုင် ကြသေးတာတွေ့ရမှာပါ။ 

ပေးထားတဲ့ ဥပမာစာကြောင်း တွေကိုကြည့်ပြီး Context ပေါ်မူတည်ပြီး Register ပြောင်းလာပုံကိုသိနိုင်ပါတယ်။ (Texts are from ref. 1)

Text 1: Look, it's making them move. Those didn't stick. 

(ကလေးတစ်ယောက်က သံလိုက်ကိုစမ်းကြည့်ရင်း အခြားကလေးတွေကိုပြောနေတာပါ။ ဒီစာကြောင်းကိုဖတ်ကြည့်ရုံနဲ့ သံလိုက်ဆိုတာကျွန်တော်တို့မသိနိုင်ပါ။ ဒါပေမဲ့ သူ့ရဲ့ context မှာတော့ သူ့သူငယ်ချင်းတွေက သိပါလိမ့်မယ်။)

Text 2: We found out the pins stuck on the magnet. 

(စောစောက ကလေးကပဲ သူ့ဆရာကိုပြန်ပြောပြနေတာပါ။ ဒီမှာတော့ it တို့ them တို့ပဲ ပြောပြရုံနဲ့မရတော့ဘဲ Magnet တို့ pins တို့ကို ပြောပြတာတွေ့ရမှာပါ။)

Text 3: Our experiment showed that magnets attract some metals. 

(စောစောကကလေးကပဲ ဒီတခါ report အနေနဲ့ရေးထားတာပါ။ magnet အကြောင်းကောက်ချက်ချ‌ေရးထားတာကိုလည်းတွေ့ရမှာပါ။ ပိုပြီး scientificအရေးအသားဆန်လာတာတွေ့ရမှာပါ)

Text 4: Magnetic attraction occurs only between ferrous metals. 

(child's encyclopedia ကနေယူထားတာပါ။ သုံးထားတဲ့ language ကပိုလေးနက်လာပါတယ်။ 1,2,3 မှာကလေးပြောထား၊ရေးထားတာကို ဒီမှာ magnetic attraction ဆိုပြီး အနှစ်ချုပ်ရေးထားတာကိုတွေ့ရပါမှာပါ။)

ဒီစာသား ၄ခုမှာ ပြောနေတဲ့အကြောင်းအရာ (field) တူတာတောင် language သုံးတဲ့ပုံစံမတူတာကိုတွေရမှာပါ။ တဖြည်းဖြည်း technical vocabulary တွေသုံးလာတယ်။ tenor အနေနဲ့ကြည့်ရင် impersonal ဘက်ကိုတဖြည်းဖြည်းပြောင်းလာတယ်။ နောက်ပိုင်းမှာ we တို့ our တို့ကိုမသုံးတော့ပါ။ mode အနေနဲ့လည်းပြောင်းလာတာသိသာပါတယ်။ အပြောဘက်ကနေ အရေးဘက်ကိုတဖြည်းဖြည်းပြောင်းလာသလို ပိုပြီးမြင်သာတဲ့ အသုံးတွေသုံးလာတာကိုတွေ့ရမှာပါ။ 

ဒါကြောင့်လည်း language တစ်ခုကိုကျွမ်းကျင်တယ်လို့ ပြောဖို့ဆို သူ့ရဲ့context ကိုပါထည့်စဉ်းစားဖို့လိုလာတာပေါ့။ IELTS test တွေဖြေတဲ့အခါ Academic နဲ့ General ကွာသွားတာမျိုးကလည်းဒီသဘောတရားအပေါ်အခြေခံထားတယ်လို့ပြောလို့ရမှာပါ။ ဒါတောင် လိုအပ်ချက်တွေအများကြီးရှိနေဆဲပါ။ အပြင်မှာ ပြောတတ်လှပါပြီဆိုတဲ့ ကလေးတွေ အတန်းထဲမှာ ဆွေးနွေကြတဲ့အခါ အခက်တွေ့ကြတာမျိုးပေါ့။ ကျွန်တော်တို့တတွေ သင်ကြားပေးတဲ့အခါမှာလည်း တတ်နိုင်သမျှ context အပေါ်မူတည်ပြီး သင့်တော်တဲ့ language ကိုသုံးနိုင်ဖို့ သင်ကြားပေးကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ။

PWT

References

1. Scaffolding language, scaffolding learning: Teaching English language learners in the mainstream classroom (2015) by Pauline Gobbons

2. Language, Context and Text (1985) by Halliday & Hasan


Native Speaker Vs Non-Native Speaker in English Language Teaching

 


English ဘာသာစကားကိုလေ့လာနေသူအများစုကိုမေးလိုက်ရင် Native Speaker တစ်ယောက်လို ပြောတတ်ချင်လိုက်တာ ဆိုတာမျိုး ပြောလေ့ရှိပါတယ်။ သို့သော် Native Speaker ဆိုတာရောတကယ်ရှိရဲ့လားဆိုတာကို ပညာရှင်တွေက cognitive, Sociolinguistic, raciolinguistic စတဲ့ရှူထောင့်တွေကနေ လေ့လာစမ်းစစ်ကြည့်ကြပါတယ်။ Paikeday ကတော့ Native Speaker ဆိုတာ တကယ်တော့ ဘာသာဗေဒပညာရှင်တွေရဲ့ စိတ်ကူးထဲမှာပဲရှိတာပါလို့ ဆိုထားပါတယ်။ (1985:25)

အများစုကတော့ Native Speaker လို့ပြောလိုက်ရင် အခုလိုအမြင်လေးတွေရှိပါတယ်။ 

  • NS တွေဟာ သူတို့ရဲ့ဘာသာစကားမှာ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ အလိုလိုသိတတ်ကြတယ်။ 
  • အဲ့ဒီဘာသာစကားရဲ့ နောက်ခံယဉ်ကျေးမှုနဲ့တသားတည်းရှိကြတယ်။ 
  • အသံထွက်ပိုင်းဆိုင်ရာမှာ NS တွေဆိုတာ အကောင်းဆုံးသော စံနမူနာတွေဖြစ်ကြတယ်။ 

ဒါကြောင့်လည်း ဘာသာစကား သင်ယူသူအများစုက Native Speaker တေ‌ွဆိုတာ အကောင်းဆုံး ဘာသာစကားသင်ပေးနိုင်တဲ့ဆရာတွေလို့ ယူဆကြပါတယ်။  Holliday ကတော့ ထုံးစံအတိုင်း အဲ့ဒီအမြင်တွေဟာ တကယ်တေ့ အယူအဆ သက်သက်တွေပဲဖြစ်ပြီး တကယ်မမှန်ဘူးလို့ဆိုပါတယ် (2005)။  

အခုလိုမျိုး NS teachers တွေကိုပိုသဘောကျကြတာကို Native Speakerism လို့ခေါ်ပါတယ်။ 

Hollidayကတော့ Native Speakerism ဆိုတာ ကိုလိုနီခေတ်လွန် အယူအဆတစ်ခုလို့ဆိုပါတယ်။ ဒီအယူအဆကြောင့်ပဲ သင်ယူသူတွေရဲ့ နဂိုရှိပြီးသား ဘာသာစကားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ မူလအရင်းအမြစ်တွေကို လျစ်လျူရှူပြီး 'English Only' approaches တွေပဲ သုံးပြီးသင်ကြတာမျိုး၊ သင်ယူသူတွေကို ဘာသာစကားချို့တဲ့နေသူတွေအဖြစ်သတ်မှတ်ကြတာမျိုး၊ တွေဖြစ်လာတယ်လို့ဆိုပါတယ်။  Phillipson က‌တော့ အခုလို Native Speakerism ဖြစ်လာရတာ ၁၉၆၀ဝန်းကျင်နှစ်‌ေတွမှာ American နဲ့ British aid agencies တွေရဲ့ NS တွေက ပိုသာကြောင်းဝါဒဖြန့်မှုတွေကြောင့်လို့ဆိုပါတယ်။ 

ပြန်အနှစ်ချုပ်ရရင် Native Speakerism ဆိုတာ Native Speakers တွေဟာ English ဘာသာစကားနဲ့ အဲ့ဒီစကား သင်ကြားနည်းစနစ်‌ေတွ စတင်ရာ အနောက်တိုင်းယဉ်ကျေးမှု ကိုကိုယ်စားပြုသူတွေဖြစ်တယ်၊ ဒါကြောင့် သူတို့‌တွေကသာ English ဘာသာစကားကိုသင်ပေးနိုင်တဲ့ အကောင်းဆုံးသော ဆရာတွေ၊ စံနမူနာတွေဖြစ်တယ် ဆိုတဲ့အယူအဆကို ကိုင်စွဲထားတဲ့ အယူဝါဒ တစ်ခုဖြစ်ပါတယ်။ 

ဒီအယူဝါဒဟာတကယ်တော့ 'vested interest' လို့ခေါ်တဲ့ ကိုယ်ကျိုးမျှော်လင့်ချက်အတွက် လုပ်ထားတဲ့ လိုရာစွဲဝါဒတစ်ခုသာဖြစ်တယ်လို့ဝေဖန်ခံရပါတယ်။ 

အခုလိုမျိုး Native Speakerism လွှမ်းမိုးမှုအကျိုးဆက်ကတော့ တကယ့်အရည်အသွေးကိုမကြည့်ဘဲ Native Speaker ဖြစ်ရင်ပြီးရောဆိုပြီး ကျောင်းတွေမှာ အလုပ်ခန့်ကြတာတွေပါ။ ဒါကြောင့် Non-Native Speaker တွေအနေနဲ့ ခွဲခြားခံရတာတွေတော်တော်များများကြံုရပြီး၊ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းအ‌ေပါ်သက်ရောက်မှုရှိတာတွေ့ရပါတယ်။ 

ဒီအလုပ်ခေါ်စာ၂ခုရဲ့ requirements တွေကိုပဲယှဉ်ကြည့်ပါ။ ဒါက အပြင်မှာ တကယ်ရှိတဲ့ Japanမှာ ဆရာအလုပ်ခေါ်တဲ့ website တစ်ခုကယူထားတာပါ။ Non-Native Speaker တစ်ယောက်အနေနဲ့ English teaching အလုပ်တစ်ခုရဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာတွေ့ရမှာပါ။ 

English Teacher

Full-time, 40 working hours/week. Native English Speaker required. 'University degree not required if applicant has visa.'

English Teacher 

Full-time, 40 working hours/week. Follow an English language curriculum which contains detailed lesson plans for every class. Teaching experience preferred. Applicants from countries where English is not the native language must have a total of at least 10 years of education from schools where English is the primary mode of education, including a Bachelor's degree from an English speaking country. 

နောက်တစ်ခုက Native English Speaker လို့ပြောလိုက်ရင် အများစုကအဖြူတွေကိုပဲပြေးမြင်ကြတတ်ပါတယ်။ အသိ Czech ကဆရာတစ်ယောက်ဆို သူကအဖြူဆိုတော့ Colombia ကသူအလုပ်လုပ်တဲ့တက္ကသိုလ်မှာသူ့ကို အားလုံးက Native Speaker လို့ပဲသတ်မှတ်ထားကြတယ်။ ဒါကြောင့်သူအလုပ်လျှောက်တော့ Language Proficiency Exam တောင်ဖြေစရာမလိုဘဲ အလုပ်ရတယ်လို့ပြောပါတယ်။

တကယ်တော့ Non-Native Speaker တွေမှာလဲ အားသာချက်တွေရှိပါတယ်။ 

  • NNS တွေဟာ ကိုယ်တိုင်က English ကို additional language အနေနဲ့လေ့လာခဲ့ရတော့ learners တွေကိုပိုပြီးစာနာတတ်သလို ဒီသင်ယူရတဲ့process ကိုလည်းပိုနားလည်ကြတယ်။ 
  • ကျောင်းသားတွေဘာလို့မှားကြတာလဲဆိုတဲ့ မှားရတဲ့အကြောင်းအရင်းကိုပိုသိတယ်။ 
  • လိုအပ်ရင်လိုအပ်သလို ကျောင်းသားတွေရဲ့ မိခင်ဘာသာစကားကို သုံးနိုင်တော့ အချင်းချင်းပိုနားလည်မှုရှိတယ်။ (Ma, 2012)

ဒါကြောင့်အခုဆို ELT ရဲ့နာမည်ကြီးအဖွဲ့အစည်းတွေဖြစ်တဲ့ TESOL တို့ TEFL တို့က NS နဲ့ NNS teachersတွေကိုမခွဲခြားဘဲ အလုပ်အကိုင်အခွင့်အလမ်း တန်းတူအခွင့်အရေးရဖို့ equity advocate movement တွေလုပ်လာကြပြီ။ 

http://teflequityadvocates.com/

http://nnest.moussu.net/

စတာတွေမှာသွားကြည့်လို့ရပါတယ်။ 

BAAL (British Association for Applied Linguistics) တို့ TESOL တို့မှာဆို အကယ်၍ ELTအလုပ်ခေါ်စာ‌ကြော်ငြာမယ်ဆို Native Speker, Non-Native Speaker ဆိုပြီး ခွဲခြား သတ်မှတ်ခေါ်တာမျိုးလုပ်လို့မရတော့ဘူး။ အဲ့ဒီလိုခေါ်တာမျိုးကို တားမြစ်ထားတယ်။ 

ဆိုတော့ NNS တွေပဲ ခွဲခြားခံရတာလားဆိုတော့ မဟုတ်သေးဘူး၊ ဒီ Native Speakerism ကြောင့် NS တွေအပေါ်ပုံသေအမြင်နဲ့မြင်ကြတာလည်းရှိတယ်။ 

ဥပမာ -

Native Speaker ဆိုရင် teaching qualifications မရှိဘူးတို့၊ သင်ကြားရေးနဲ့ပတ်သက်တဲ့ အသိပညာ မရှိဘူးတို့မြင်ကြတာမျိုး။ NS ဆိုရင် Speaking အတွက်ပဲအသုံးဝင်တယ်လို့ထင်ကြတာမျိုး။ ကျန်တဲ့ skills တွေမသင်တတ်ဘူးလို့ထင်ကြတာမျိုး။ 

ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ NS, NNS မခွဲခြားဘဲ အခြား‌ေသာ ဘုံအခေါ်အဝေါ်တွေကိုအမျိုးမျိုး စတင်သုံးစွဲလာကြပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ ကျောင်းအများစုရဲ့အလုပ်ခေါ်စာတွေမှာ NNS တို့ခွဲခြားခံနေရဆဲပါပဲ။ 

References

Holliday, A. (2006). Native-speakerism. ELT journal, 60(4), 385-387.

Florence Ma, L. P. (2012). Advantages and disadvantages of native‐and nonnative‐English‐speaking teachers: Student perceptions in Hong Kong. TESOL quarterly, 46(2), 280-305.

Paikeday, T. (1985). The native speaker is dead! Toronto: Paikeday Publishing Inc.

English for Social Media

  Facebook မှာ ဟိုဘက် ဒီဘက် ငြင်းကြခုံကြတာ၊ အရပ်အခေါ် ပွဲဖြစ်နေတာကို English လို  debate (noun) argument (noun) dispute (noun) စသဖြင့် ပြောက...